ကမ္ဘာ့နည်းပညာလောကမှာ အလုပ်ရှင်တွေအားလုံး တညီတညွတ်တည်း နားလည်တဲ့ ဘာသာစကားတစ်ခုရှိပါတယ်။ အဲဒါကတော့ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (International Certification) ပါပဲ။
ယနေ့ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်မှာ သင့်ရဲ့အရည်အချင်းကို သက်သေပြဖို့ဆိုတာ ကိုယ်တိုင်ပြောဆိုခြင်းထက် ကမ္ဘာက အသိအမှတ်ပြုထားတဲ့ တရားဝင်လက်မှတ်တစ်ခုက ပိုပြီးတန်ဖိုးရှိ၊ အရာရောက်ပါတယ်။
ဒါဟာ သင်နဲ့ အလုပ်ရှင်ကြားမှာ တည်ဆောက်ထားတဲ့ ယုံကြည်မှုတံတားတစ်ခုပါပဲ။ ဒါကြောင့် Nobel Mount College မှာ သင့်ရဲ့အနာဂတ်ကို အာမခံချက်အပြည့်အဝပေးနိုင်မယ့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေကို ရယူနိုင်ပါတော့မယ်။
နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေက ဘာကြောင့် အရေးကြီးတာလဲ?
✅ ကမ္ဘာအနှံ့ အသိအမှတ်ပြုမှု (Global Recognition): Pearson VUE စင်တာမှတစ်ဆင့်ဖြေဆိုရသော CompTIA, Microsoft, Cisco စသည့်လက်မှတ်များ၊ ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများက အသိအမှတ်ပြုထားသော ITPEC လက်မှတ်များက သင်ဘယ်နိုင်ငံကိုပဲရောက်ရောက် သင့်ကျွမ်းကျင်မှုကို တရားဝင်သက်သေပြပေးနိုင်ပါတယ်။
✅ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေခြင်း :
နိုင်ငံတကာ Company အများစုဟာ လျှောက်လွှာတွေထဲမှာ ဒီလို Certified Professional တွေကိုပဲ အဓိကဦးစားပေး ရွေးချယ်လေ့ရှိပါတယ်။
✅ တစ်ပန်းသာစေတဲ့ အရည်အချင်း :
လူအများကြားမှာ မိမိကိုယ်ကို ယုံကြည်မှုရှိစေပြီး သင်ဟာ ဒီပညာရပ်အပေါ်မှာ ကျွမ်းကျင်မှုရှိကြောင်းနဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို သိရှိနားလည်ကြောင်း ပြသနိုင်ပါတယ်။
💡 Nobel Mount College က ဒီလိုနိုင်ငံတကာစာမေးပွဲတွေကို ဝင်ရောက်ဖြေဆိုနိုင်ဖို့အတွက် လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းတွေ၊ praxis-oriented လေ့ကျင့်မှုတွေနဲ့ ပြည့်ပြည့်၀၀ ပြင်ဆင်လေ့ကျင့်ပေးသွားမှာပါ။
🚀 သင့်အရည်အချင်းကို ကမ္ဘာကအသိအမှတ်ပြုအောင် Nobel Mount College မှာ အခုပဲ ပြင်ဆင်လိုက်ပါ။
#NobelMountCollege #InternationalCertification #GetCertified #PearsonVUE #ITPEC #GlobalRecognition #ITCareerMyanmar #FutureProof #SkillValidation #CompTIA #Cisco #Microsoft